ဧရာမ အပျော်စီးသင်္ဘောကြီးများသည် တစ်မူထူးခြားသည်။ ဤအမျိုးအစားရေယာဉ် ဆင်တူနှစ်စီး မရှိနိုင်ပါ။ တစ်စီးချင်းစီကို ဝယ်ယူသူစိတ်ကြိုက် ပုံစံချ ဒီဇိုင်းဆွဲထားသည်။ ဤပုံစံများတွင် အခြားရေယာဉ်များနှင့် မတူညီသော နှစ်ထပ်အင်ဂျင်များ၊ အမြန်နှုန်း၊ သီးခြားဒီဇိုင်းတစ်ခု၊ မတူညီသော ကုန်းပတ်အရေအတွက်နှင့် အခြားအင်္ဂါရပ်များ စသည်ဖြင့် တစ်စုံတစ်ခု ထူးခြားမှုအမြဲပါဝင်လေ့ရှိသည်။ ရေပြင်ပေါ်တွင် သွားလာနေသော အထပ်ပေါင်းများစွာ အဆောက်အအုံပါရှိသည့် သို့မဟုတ် ရွက်အကြီးကြီးအောက်ရှိ ဧရာမ အပျော်စီးသင်္ဘောကြီး တစ်စီး ကိုမြင်လျှင် သင့်အနေနှင့် မအံ့သြသင့်ပါ။
ပိုင်ရှင်အသီးသီးသည် ခမ်းနား ကြီးကျယ်သော လက်ရာမြောက် သင်္ဘောတစ်စင်းကို ပိုင်ဆိုင်ရသည့်အတွက် ဂုဏ်ယူမိမည်မှာ မလွဲပေ။ သို့သော်လည်း ချမ်းသာကြွယ်ဝသူ တစ်ဦးအနေဖြင့် သူ၏ အပျော်စီးသင်္ဘောကို ဝယ်ယူပြီးခါစတွင် နှစ်သက်မြတ်နိုးသော်လည်း ပိုမိုခေတ်မီသည့် နောက်ဆုံးပေါ်မော်ဒယ်တစ်ခုပေါ်လာသည့်အခါ နောက်တစ်စီးကို ပိုမိုနှစ်သက်လာသည့် ဖြစ်ရပ်မျိုးသည် ရှားပါးသည့်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်မျိုးမဟုတ်ပါ။
ဤသို့ဆိုလျှင် ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်းကို ဝယ်ယူရန် အဘယ့်ကြောင့်ထိုက်တန်သနည်း။
ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်းသည် ချမ်းသာသူတို့၏ အခွင့်ထူးပြယုဂ်နှင့် ဂုဏ်သိက္ခာ၏ သင်္ကေတတစ်ခု ဖြစ်ပါသည်။ ဤကဲ့သို့သော ရေယာဉ်တစ်စင်းကိုပိုင်ဆိုင်မှုသည် မည်သည့်အခြေအနေတွင်မဆို မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အောင်မြင်ခြင်းနှင့် သင်၏ထူးချွန်အောင်မြင်မှုများအတွက် သင့်ပတ်ဝန်းကျင်ရှိ သူများမှ သင့်အား ကြည်ညို လေးစားစေခြင်း ကို ဆိုလိုသည်။
သို့သော်လည်း ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်းသည် ချမ်းသာကြွယ်ဝခြင်း၏ သင်္ကေတတစ်ခုသာ မဟုတ်ပါ။ ရေပေါ်အပျော်စီးခရီးစဉ်အတွက် အဆင့်အတန်းမြင့်ပြီး သက်တောင့်သက်သာရှိသော ပြယုဂ်တစ်ခုလည်းဖြစ်သည်။ ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်းပေါ်တွင် သင်၏ အပန်းဖြေမှုသည် မမေ့နိုင်သော ခရီးစဉ်တစ်ခုဖြစ်လိမ့်မည်။ ဤအတန်းအစား ရေယာဉ်တစ်စီးချင်းစီသည် ပိုင်ရှင်နှင့် စီးနင်းသူ ဧည့်သည်များအား ရေကူးကန်တစ်ခုတွင် ရေကူးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ရေး ခန်းမတစ်ခုတွင် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း၊ သက်တောင့်သက်သာရှိလှသော အပန်းဖြေ ရေပူစမ်း၊ ဘားတစ်ခုတွင် သီးသန့်သောက်ဖွယ်ရာများနှင့် သီးသန့် ရဟတ်ယာဉ်ရပ်နားကွင်းတစ်ခုတွင် ကိုယ်ပိုင်ရဟတ်ယာဉ် တစ်စင်း မည်သည့်အချိန်တွင်မဆို ဆိုက်ရောက်ထွက်ခွာနိုင်ခြင်း စသည်တို့ အပါအဝင် ဖျော်ဖြေရေးဝန်ဆောင်မှုအမျိုးမျိုး ပါဝင်သည်။ ထို့အပြင် သင်သိရှိရမည့်အချက်မှာ ဤကဲ့သို့သော ရေယာဉ်များကို ကျွမ်းကျင်သူများကသာ မောင်းနှင်သည်။ ထို့ကြောင့် သင့်အနေနှင့် ၄င်းတို့အပေါ်တွင် အပြည့်အဝ အားထားယုံကြည်နိုင်ပြီး လွတ်လပ်သည့်အရသာကို အချိန်တိုင်း အကြွင်းမဲ့ ခံစားလိုက်ပါ။ တန်ဖိုး အကြီးမားဆုံးနှင့် အရည်အသွေး အမြင့်ဆုံး ပစ္စည်းများကို အသုံးပြုကာ ခမ်းနားလှသော အတွင်းပိုင်းနှင့် အပြင်ပန်း အလှဆင်မှုကို ဖန်တီးထားသည့် ကမ္ဘာ့အတော်ဆုံး ဒီဇိုင်နာများ၏ ဆန်းသစ်မှုလက်ရာများ မပါဘဲ ဤခံစားမှုသည် ဖြစ်တည်မလာနိုင်ပေ။
ဧရာမအပျော်စီးသင်္ဘောကြီးတစ်စီးဖြင့် သွားလာသည့် ပင်လယ်ရေကြောင်းခရီးစဉ်တစ်ခုနှင့် တူညီသည့်အရာမရှိပါ။ ဤရေယာဉ်များသည် ဘေးကင်းစိတ်ချရမှု အမြင့်ဆုံးဖြစ်သည်။ သို့သော် သင့်အနေနှင့် ဧရာမအပျော်စီးသင်္ဘောကြီးတစ်စင်းကို ဝယ်ယူမည်ဟုမဆုံးဖြတ်မီတွင် ဤရေယာဉ်များ၏ ဈေးနှုန်းများသည် ယေဘူယျအားဖြင့် မြင့်တက်နေလေ့ရှိသည် ဆိုသည့် အချက်ကို မှတ်သားသင့်သည်။ ထို့ကြောင့် ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်း ဝယ်ယူမှုကို ရင်းနှီးမြုပ်နှံမှုကောင်း တစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။
“အနည်းငယ် ဈေးကြီးပါသည်” – ဤစကားမှာ ဧရာမ အပျော်စီး သင်္ဘောကြီး တစ်စင်း ရင်းနှီးမြုပ်နှံရန် မလုပ်ဆောင်ဝံ့သည့် လူများစွာပြောသည့် စကားဖြစ်သည်။ မှန်ပါသည်။ အထူးသဖြင့် အလွန်များပြားသော ထိန်းသိမ်းခ စရိတ်များနှင့် ပေါင်းစပ်လိုက်သည့်အခါ ဈေးနှုန်းများ အဆမတန်ကြီးမြင့်သည်ဟု ထင်ရနိုင်သည်။ သို့သော် ယခုအချိန်ကဲ့သို့ ရေယာဉ်ကြီးများ၏ ဈေးကွက် မြင့်တက်နေပြီး ဇိမ်ခံသင်္ဘောတစ်စင်း ပိုင်ဆိုင်ခြင်းသည် ယခင်ကထက် ပိုမို လွယ်ကူနေသည့်အချိန်တွင် သင်၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည့် ငွေကြေးကို နှမျောစွာ ချွေတာနေခြင်းသည် မှန်ကန်ရဲ့လား။
ဧရာမအပျော်စီးသင်္ဘောကြီးတစ်စင်းကို ဈေးနှုန်းမှန်ကန်စွာဖြင့် မည်သည့်နေရာတွင် ဝယ်ယူရမည်နည်း။
အဖြေကတော့ လွယ်ကူပါသည်။ – ScanMarine TM (Cofrance SARL) ကိုဆက်သွယ်ပါ။ ဇိမ်ခံ ဧရာမ အပျော်စီး သင်္ဘောကြီးများ ရောင်းချမှု၏ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီအဖြစ် ဤကုမ္ပဏီကို ထည့်သွင်းစဉ်းစားကြပါသည်။
ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် ကမ္ဘာ့၏မည်သည့်နေရာတွင် မဆို ရှိနေသည့် အထူးသီးသန့် ရွက် သို့မဟုတ် စက်ရေယာဉ်တစ်စင်း ကို သင့်အတွက် ရွေးချုယ်ပေးမည် ဖြစ်သည်။ သင့်အနေနှင့် ရာသီအလိုက် အသစ်အဆန်းတစ်စင်း ဝယ်ယူရန် လိုအပ်ပါသလား သို့မဟုတ် သမုဒ္ဓရာရေကြောင်းခရီးသွားရောက်သည့် ရေယာဉ်တစ်စင်းဝယ်ယူခြင်းကဲ့သို့သာ ခံစားလိုပါသလား။ သို့မဟုတ် ငွေကြေးချွေတာလိုပြီး ဈေးနှုန်းအလယ်အလတ်ရှိသည့် အပျော်စီးသင်္ဘောတစ်စင်း ဝယ်ယူလိုပါသလား။ ပြဿနာမရှိပါ။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် အပျော်စီးသင်္ဘောဈေးကွက်ရှိ မည်သည့်ရောင်းချမှုကိုမဆို ကျွမ်းကျင်သောအကဲဖြတ်မှုတစ်ခု လုပ်ဆောင်မည်ဖြစ်ပြီး သင့်ကို ကျိုးကြောင်းခိုင်မာသော အကြံဥာဏ်ပေးကာ ကူညီမည်ဖြစ်သည်။ ရေယာဉ်၏ အပြင်ပန်း၊ အတိုင်းအတာများနှင့် ပစ္စည်းကိရိယာ၊ အင်ဂျင်နီယာ ဆိုင်ရာ ကိစ္စရပ်များ၊ မှတ်ပုံတင်ခြင်း၊ ကျောက်ချရပ်နားခြင်း၊ ရေယာဉ်အမှုထမ်းငှားရမ်းခြင်း – စသည့် အချက်များသည် ရေယာဉ်ရွေးချယ်ခြင်း၊ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ခြင်း နှင့် မောင်းနှင်ခြင်း စသည့်တို့နှင့် ဆက်နွယ်နေသည့် ကိစ္စများစွာ၏ အချို့သာဖြစ်သည်။ သို့သော် ဤပြဿနာများကို ကျွန်ုပ်တို့ဝန်ထမ်းများက တာဝန်ယူကိုင်တွယ်လုပ်ဆောင်ပေး မည်ဖြစ်ပြီး သင်လုပ်ဆောင်ရမည်မဟုတ်ပါ။ သင်လုပ်ဆောင်ရမည့်အချက်မှာ အဆိုပါသင်္ဘောကို ကြည့်ရှုစစ်ဆေးပြီး ဆုံးဖြတ်ချက်ချရန်သာ ဖြစ်ပါသည်။ ScanMarine TM (Cofrance SARL) ကို ယုံကြည်အားထားလိုက်ပါ။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်အိပ်မက် မက်ခဲ့သည့် ဧရာမအပျော်စီးသင်္ဘောကြီးတစ်စင်းကို မကြာမီမှာ သင်ပိုင်ဆိုင်တော့မည်ဖြစ်သည်။