အပျော်စီးသင်္ဘောဝယ်ယူခြင်း
အပျော်စီးသင်္ဘောတစ်စင်းဝယ်ယူခြင်းသည် ပထမဦးဆုံးစတင်ဝင်ယူမည့် မည်သူ့အတွက်မဆို အလွန်တာဝန်ကြီးမားပြီး ရှုပ်ထွေးသော လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ အမှန်တွင်တော့ ၀ယ်ယူမည့်သူသည် တစ်ချိန်တည်းတွင် ရွေးချယ်စရာများစွာထဲမှ ရွေးချယ်ရမည်ဖြစ်သည်။ အချို့ပုဂ္ဂိုလ်များအတွက် ဆုံးဖြတ်ချက်ချခြင်းသည် ရက်အနည်းငယ်မျှသာကြာသော်လည်း အချို့သည် ၄င်းတို့၏ ရွေးချယ်မှုကို ဆုံးဖြတ်ချက်ချရန် လချီကြာမြင့်သည်။ ၀ယ်ယူခြင်းသည် ငွေကြေးတစ်ခု အပေါ်တွင်သာ မူတည်သည်မဟုတ်ပါ။ ရေယာဉ်တစ်စင်း၏ အခြေအနေနှင့် အရည်အသွေး၊ ထုတ်လုပ်မှုနှင့် ပြင်ဆင်မှု အချိန်ဇယားများနှင့် နောက်ထပ် ကြိုတင်မသိရှိနိုင်သည့် ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများ စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားရသည်။
ရေယာဉ်အသစ်များနှင့် အသုံးပြုပြီးသား ရေယာဉ် အဟောင်းများ နှိုင်းယှဉ်ခြင်း
ပုဂ္ဂလိကအပျော်စီးသင်္ဘောများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။ –
- ၀ယ်ယူမည့်သူစိတ်တိုင်းကျပုံစံဖန်တီးထုတ်လုပ်ခြင်း
- ထုတ်လုပ်ခြင်း
- အချို့တစ်ဝက်ကို ၀ယ်ယူသူစိတ်တိုင်းကျ ပုံစံ ထုတ်လုပ်ခြင်း
- အသုံးပြုပြီးသား တပတ်ရစ်
ဆုံးဖြတ်ချက်တစ်ခုချရာတွင် ၀ယ်ယူသူများသည် ရေယာဉ်တစ်စင်း ဈေးနှုန်း သာမက ထိန်းသိမ်းမှု လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည်။ ၀ယ်ယူမည့်သူ စိတ်တိုင်းကျပုံစံဖန်တီးထုတ်လုပ်ထားသည့် ရေယာဉ်အသစ်များသည် အလွန်ဈေးနှုန်းကြီးမြင့်သည်။ သို့သော် ထိုရေယာဉ်များသည် ၀ယ်ယူသူ၏လိုအပ်ချက်အတိုင်း အသစ်လွင်ဆုံးစိတ်ကူးစိတ်သန်းများဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ဝယ်ယူပြီးနောက် ပြင်ဆင်ထိန်းသိမ်းရာတွင် ကောင်းကျိုး ဆိုးကျိုးများ
အပျော်စီးသင်္ဘောများဝယ်ယူပြီးနောက် လိုအပ်သည့် ပစ္စည်းများကိုအွန်လိုင်းမှဝယ်ယူခြင်းသည် ကုန်ကျစရိတ်ကို သိသိသာသာသက်သာစေသည်။ သို့သော်လည်း ၀ယ်ယူပြီးနောက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူခြင်း၏ အားနည်းချက်တစ်ခုမှာ ရေယာဉ် သံချေးတက်ခြင်းဖြစ်သည်။ အပျော်စီးသင်္ဘောများသည် အချိန်ကြာမြင့်စွာ ရေနှင့် ထိတွေ့သည့်အခါ သတ္တုဓါတ်တိုးခြင်း သို့မဟုတ် သံချေးတက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့အပြင် မှိုများလည်း ပေါက်ပွားနိုင်သည်။ သို့ဖြစ်ပါ၍ သံချေးတက်ခြင်းနှင့် မှိုကြောင့်ဖြစ်ပေါ်လာသော အခြေအနေများသည် ရေယာဉ်တစ်စင်း၏ သက်တမ်းကို တိုစေသောကြောင့် တွေ့မြင်နိုင်သော ထိုအပျက်အစီးများကို အမြဲတစေ စစ်ဆေးသင့်သည်။ သို့သော်ငြားလည်း ပိုင်ရှင်များစွာတို့သည် ၄င်းတို့ရေယာဉ်၏ ခိုင်ခံ့မှုနှင့် ထိန်းသိမ်းမှုကို မကြာခဏ ကြိုတင်သိမြင်လေ့ရှိသည်။ သတိရှိသော ပိုင်ရှင်တစ်ဦးသည် ကိုယ်တိုင်လမ်းညွှန်ပြီး ထိန်းသိမ်းမှုအကြံဥာဏ်များပေးနိုင်သည်။
စက်တပ်မော်တော်နှင့် ရွက်သင်္ဘောကို နှိုင်းယှဉ်ခြင်း
ရွက်လွှင့်ခြင်းဆိုသည်မှာ အချစ်ဇာတ်လမ်းနှင့် တူညီသည်ဟု ဆိုကြသည်။ သို့သော်လည်း ထိုပုံရိပ်သည် နှစ်ပေါင်းများစွာ ပျောက်ကွယ်ခဲ့သည်။ ရွက်သင်္ဘောတစ်စင်း၏ ရေကြောင်းသွားလာရေးစီမံခန့်ခွဲမှုရှိသော်လည်း ထိုကဲ့သို့ သော ရေယာဉ်တစ်စင်းကို အထူးကျွမ်းကျင်မှုနှင့် ယခင်က မောင်းနှင်ဖူးခြင်းမရှိဘဲ ပဲ့ကိုင်ရန်ခက်ခဲနေသည်။ ထို့ကြောင့် စက်တပ်ရွက်သင်္ဘောတစ်စင်းသည် ရေကြောင်းသွားလာရေးနှင့် ပိုမိုကျွမ်းဝင်မှုရှိပြီး ရေပြင်ကျယ်ကြီးတွင် ပိုမိုမြန်ဆန်စွာ သွားလာနိုင်သည်။ အားနည်းချက်တစ်ခုမှာ ထိန်းသိမ်းမှုနှင့် မောင်းနှင်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်းဖြစ်သည်။
ရည်ရွယ်ထားသော အသုံးပြုမှု
အပျော်စီးသင်္ဘောများကို ၄င်းတို့သွားလာသည့် ရေပြင်နေရာအပေါ်မူတည်၍ အုပ်စု ၄ စု ခွဲခြားထားသည်။
- သမုဒ္ဒရာများ
- ပင်လယ်များ
- ကမ်းခြေအနီးပတ်ဝန်းကျင်ရေပြင်များ
- ပြည်တွင်းရေကြောင်းများ
အတွေ့အကြုံရှိသော အပျော်စီးသင်္ဘောရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် အတွေ့အကြုံမရှိသေးသော သင်္ဘောသားများကို မည်သည့်နေရာများသို့ သွားလာမည်ကို ပထမဦးစွာဆုံးဖြတ်ချက်ချစီစဉ်ရန် အကြံပြုလိုသည်။ ခရီးအမျိုးအစားသည် ခရီးတိုဖြစ်သလား၊ ခရီးရှည်ဖြစ်သလား သို့မဟုတ် နိုင်ငံရပ်ခြားရေကြောင်းခရီးရှည် ဖြစ်သလား။ တစ်ချို့သည် ရေယာဉ်ပေါ်တွင် နေနိုင်ရန် အသစ်တည်ဆောက်ထားသည့် အပျော်စီးသင်္ဘောကို ၀ယ်ယူလိုကြသည်။ ထိုကဲ့သို့သော ဆုံးဖြတ်ချက်ချသူများသည် အဆိုပါရေယာဉ်၏ အတိုင်းအတာ၊ ဆံ့နိုင်မှုနှင့် သက်တောင့်သက်သာရှိမှုတို့ကို ထည့်သွင်းစဉ်းစားသင့်သည်။
အရှည် ၆မီတာထက်ပိုမရှည်သော အသေးစားသင်္ဘောများသည် အုပ်စုလိုက် ခရီးတို ရက်တိုသွားလာခြင်းများအတွက် အကောင်းဆုံးဖြစ်သည်။ ဤအသေးစားရေယာဉ်များသည် ၄င်းတို့၏ သယ်ယူပို့ဆောင်နိုင်မှုစွမ်းရည်ကြောင့် အဆင်ပြေသည်။ မီတာ ၄၀ ရှည်သော အပျော်စီးသင်္ဘော တစ်စီးသည် ကုမ္ပဏီကြီးများအတွက် ပိုမိုသင့်လျော်သည်။
အပျော်စီးသင်္ဘောဝယ်ယူခြင်းနှင့် အကျိုးအမြတ်
အပျော်စီးသင်္ဘောကောင်းတစ်စီးသည် ဈေးအတော်ကြီးသည်။ သို့သော်ငြားလည်း တန်ဖိုးကြီးမြင့်သော အပျော်စီးသင်္ဘော ကောင်း တစ်စီးသည် အောက်ပါအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။
၁။ ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှု။ ဘဏ်တွင် အပ်နှံထားခြင်း သို့မဟုတ် အိမ်တွင် စုဆောင်းထားခြင်းသည် အကျိုးအမြတ် မရရှိပါ။ ဆန့်ကျင်ဘက်ပြောရမည်ဆိုလျှင် အမြော်အမြင်ရှိသော ရင်းနှီးမြုပ်နှံမှုသည် ငွေကြေးဖောင်းပွမှုကို အကာအကွယ် ဖြစ်စေသည်။ ရေယာဉ်၏ သက်တမ်းသည် မော်တော်ယာဉ်များ ထက် ပိုမိုကြာရှည်လေ့ရှိသည်။ ထို့ကြောင့် အပျော်စီးသင်္ဘော ၀ယ်ယူကာ ရင်းနှီးမြုပ်နှံခြင်းသည် ပျော်ရွှင်မှု အကျိုးအမြတ်ကို ပေးစွမ်းနိုင်သည်။
၂။ အားလပ်ရက်အခွင့်အလမ်းများ။ ထို့အပြင် အပျော်စီးသင်္ဘောတစ်စင်းပိုင်ဆိုင်ထားခြင်းသည် အပန်းဖြေမှု အခွင့်အလမ်းများ ပိုမိုယူဆောင်လာသည်။ ရိုးရှင်းစွာ ပြောရလျှင် ပင်လယ်ထဲသို့ မည်သည့်အချိန်တွင်မဆို ကုန်ကျစရိတ်မရှိဘဲ လွတ်လပ်စွာသွားလာနိုင်သည်။
၃။ ကျန်းမာသော ဘ၀နေထိုင်မှုပုံစံ။ ပင်လယ်ထဲတွင် သွားလာခြင်းဖြင့် အပျော်စီးသင်္ဘော ပိုင်ရှင်များသည် ကျန်းမာရေးကို အထောက်အကူဖြစ်သည့် လေဟာပြင်ထဲတွင် အချိန်ပိုမို ကုန်ဆုံးကြသည်။ ထို့အပြင် ရေယာဉ်တစ်စီး ပိုင်ဆိုင်ရခြင်းသည် တာဝန်ကြီးမားသည်။ အပျော်စီး သင်္ဘောများသည် အမြဲမပြတ် ထိန်းသိမ်းမှု လိုအပ်သည်။ ပိုင်ရှင်တစ်ယောက်သည် ထိုင်နေပြီး တစ်ချိန်လုံးအနားယူနေရန် မဖြစ်နိုင်ပါ။
၎။ ပင်လယ်ရေကြောင်းအပျော်ခရီးစဉ် စိတ်ဝင်စားသူများအတွက် ကလပ်များတွင် အသင်းဝင်ခြင်း။ ပင်လယ်မရှိဘဲ ဘ၀ကိုစိတ်ကူးပင်မယဉ်ရဲသည့် လူအချို့ရှိသည်။ အပျော်စီးသင်္ဘောပိုင်ရှင်တိုင်းသည် ဤအသိုင်းအ၀ိုင်း အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။ ရွက်သင်္ဘောဖြင့်ရွက်လွှင့် ခရီးသွားလာလေ့ရှိသူများသည် ဘ၀အပေါ်ထူးခြားသည့်အမြင်နှင့် ကွဲပြားသည့်ကိုယ်ရည်ကိုယ်သွေးများရှိကြသည်။
၅။ တစ်ဦးချင်းအတွက် အကောင်းဆုံး စိတ်ဓါတ်ကျပျောက်ဆေး။
ပင်လယ်များတွင် ရွက်လွှင့်သွားလာသည့်အခါ တစ်စုံတစ်ယောက်၏ ပြဿနာများသည် ကမ်းပေါ်တွင် ချန်ရစ်ခဲ့သည် သို့မဟုတ် ပျောက်ကွယ်သွားသည်။ ရွက်သင်္ဘောတစ်စီးပိုင်ဆိုင်သည့်နှင့် ထိုသူသည် ထိုပြဿနာများမှ လွတ်မြောက်မှုကို နေ့စဉ်ရရှိနိုင်မည်ဖြစ်သည်။
သင်၏ရေယာဉ်ကို ရွေးချယ်ရာတွင် ကျွန်ုပ်တို့သည် ၀မ်းမြောက်စွာကူညီပါမည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့ ၀က်ဘ်ဆိုဒ်၏ ဆောင်ပုဒ်ဖြစ်သည့် “မည်သူမဆို အပျော်စီးသင်္ဘောတစ်စီး ၀ယ်ယူနိုင်ပါပြီ။” ဟု ဆိုချင်ပါသည်။