လူများစွာတို့သည် ခမ်းနားကြီးကျယ်သော အားလပ်ရက်များကို ပိုမိုတတ်နိုင်လာကြသည်။ အားလပ်ရက် အပန်းဖြေသူများသည် ပုံမှန်အပန်းဖြေစခန်းအတွေ့အကြုံများအပြင် ပင်လယ်ရေကြောင်း တစ်လျှောက် သက်တောင့်သက်သာရှိသော အပျော်စီးသင်္ဘောများဖြင့် သွားလာရသည်ကို နှစ်သက်လာကြသည်။
၎င်တို့အထဲရှိ ချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်များသည် ကိုယ်ပိုင် အပျော်စီး သဘောင်္များဝယ်ယူထားပြီး ၄င်းတို့၏ ဇိမ်ကျလှသော ခရီးစဉ်အတွက် မည်သည့်အချိန်တွင် မည်သည့်နေရာသို့ ရွက်လွှင့်မည်ကို ဆုံးဖြတ်နိုင်သည်။ အခြားပုဂ္ဂိုလ်များသည် ကြီးမားသော ၀ယ်ယူမှုတစ်ခု ထက် အပျော်စီးသင်္ဘောတစ်စီးကို ငှားရမ်းကြသည်။ ဤရွေးချယ်မှုသည် ၄င်းတို့ကို ဇိမ်ကျအဆင်ပြေစေသည့်အတွက် အဆိုးဆုံးကိစ္စရပ်တစ်ခု မဟုတ်ပါ။ ၄င်းတို့သည်လည်း သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပျော်ရွှင်မှုရရှိနိုင်ပါသေးသည်။
အပျော်စီး သင်္ဘောတစ်စီး စင်းလုံးငှားရန် မည်မျှကုန်ကျမည်နည်း။
အပျော်စီးသင်္ဘောတစ်စီး၏ စင်းလုံးငှားခ ကုန်ကျစရိတ်ကို မစစ်ဆေးခင်တွင် အပျော်စီးသင်္ဘောစင်းလုံးငှားရာတွင် မည်သည့်အရာများ ပါဝင်သနည်းဆိုသည်ကို ပထမဦးစွာလေ့လာကြည့်သင့်သည်။
အခကြေးငွေပေးရမည့် အရာများ
တစ်ခုပြီးတစ်ခု လေ့လာကြည့်ပါ။
၁။ ကနဦးညှိနှိုင်းမှုများအရဖြစ်စေ ကျွန်တော်တို့ ၀က်ဘ်ဆိုဒ်တွင် ပြထားသော ဈေးနှုန်းများအရဖြစ်စေ အပျော်စီးသင်္ဘောတစ်စင်း စင်းလုံးငှားခ အမှန်တကယ်ဈေးနှုန်းများကို ကျွန်တော်တို့၏ စာရင်းတွင် တွေ့ရှိနိုင်သည်။ ဈေးနှုန်းသတ်မှတ်ရာတွင် အောက်ပါတို့ပါဝင်သည်။ –
အပျော်စီးသင်္ဘောစင်းလုံးငှားခ
ငှားရမ်းမှုအကူအညီ
သင်္ဘောသားပါဝင်မှု
ရေယာဉ်နှင့် သင်္ဘောသားအာမခံ
လမ်းကြောင်းတွင်သဘောင်္ကျင်းရှိမည်ဆိုလျှင် သင်္ဘောဆိုက်ကပ်ခြင်း
ဈေးနှုန်းသတ်မှတ်ခြင်းသည် ရေယာဉ်၏ အရွယ်အစား၊ ရေယာဉ်တွင်ပါဝင်သော ဇိမ်ခံအထောက်အပံ့ ပစ္စည်းများ၊ ရာသီ အချိန်အခါ နှင့် သက်တမ်းစသည်တို့အပေါ်တွင် မူတည် သတ်မှတ် သည်။ ရေယာဉ်တစ်စီးသည် ပိုမိုဟောင်းနွမ်းပြီး သေးငယ်လေလေ ငှားရမ်းခဈေးနှုန်း နည်းလေလေဖြစ်သည်။ ခရီးသွားရာသီ မဟုတ်ချိန် တွင် ရေယာဉ်တစ်စီး စင်းလုံးငှားခြင်း နှင့် ငှားရမ်းရန် စောစောကြိုတင် ဘွတ်ကင်တင်ခြင်း တို့သည်လည်း အလားတူပင် ဈေးသက်သာမည် ဖြစ်သည်။ အပတ်စဉ်အပျော်စီး ရေကြောင်း ခရီးစဉ်များအတွက် ပုံမှန်အပတ်စဉ် အပျော်စီးသင်္ဘောစင်းလုံးငှားရမ်းမှု ဈေးနှုန်းရှိသည်။ ကာလာတိုငှားရမ်းမှု ကာလတစ်ခုကို ဆုံးဖြတ်ရန် ဈေးနှုန်းကို ၆ ဖြင့် စားပြီး ရလဒ်ကို အပြည့်ငှားရမ်းသည့် ကာလရက် အရေအတွက်ဖြင့် မြှောက်ရမည်ဖြစ်သည်။ တစ်ပတ်ထက်ပိုသော ကာလများအတွက် ကုန်ကျစရိတ်ကို ၇ဖြင့်စားပြီး ရလဒ်ကို ရက်ပြည့်အရေအတွက်ဖြင့် မြှောက်ရမည်ဖြစ်သည်။ ထို့ကြောင့် တစ်နေ့တာအပြည့် ငှားရမ်းခသည် ထိုဖြစ်ရပ်နှစ်ခုလုံးတွင် မတူညီဘဲ ကွဲပြားနေမည်ဖြစ်သည်။ အဘယ့်ကြောင့် မညီမျှသနည်း။ ဈေးနှုန်းမတူညီမှုသည် ရေယာဉ်တစ်စင်း ပြင်ဆင်ရာတွင်ပါဝင်သည့် အလုပ်ပမာဏနှင့် တိုက်ရိုက်အချိုးကျနေသောကြောင့်ဖြစ်သည်။ ရေယာဉ်အမှုထမ်းများ သည် ရေကြောင်းခရီးတိုဖြစ်စေ ခရီးရှည်ဖြစ်စေ ပြင်ဆင်မှုများကို အတူတူလုပ်ဆောင်ရသည်။ ထို့အပြင် ငှားရမ်းခဈေးနှုန်းသည် ငှားရမ်းချိန်များအတွင်း ကမ်းကပ် အနားယူချိန်များအတွက်ပါ ပါဝင်သည်။
၂။ ဆက်စပ်အသုံးစရိတ်များတွင် အောက်ပါတို့ပါဝင်သည် –
-လောင်စာ
-ခရီးသည်များအတွက် ပံ့ပိုးသည့်ပစ္စည်းများ
-ဧည့်သည်များအတွက် အရက်၊ ယမကာနှင့် အရက်မပါသည့် အချိုရည်များ
– ရွက်သင်္ဘောငယ်များအတွက် လောင်စာနှင့် ရေနှင့်ဆိုင်သော ပစ္စည်းကိရိယာ
– သင်္ဘောကျောက်ချရပ်နားရာ သီးသန့်ဆိပ်ကမ်း
– အ၀တ်လျှော်ဖွပ်သန့်စင်ရေး ၀န်ဆောင်မှု
– ခရီးသည်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကုန်ကျစရိတ်များ
ဤကုန်ကျစရိတ်များကို ခရီးစဉ်ပြီးဆုံးသည့်အချိန်တွင် တွက်ချက်သည်။ မူလကုန်ကျစရိတ်ထဲသို့ နောက်ထပ် ၃၀ % ပေါင်းထည့်ခြင်းဖြင့် အလွယ်တကူတွက်ချက်နိုင်သည်။
၃။ တန်ဖိုးဖြည့်ခွန်
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုသည် ကုန်စည်သယ်ယူမှု တန်ဖိုးဖြည့်ခွန်ကို ပြဋ္ဌာန်းထားသည်။ တန်ဖိုးဖြည့်ခွန်စရိတ်သည် ရေကြောင်းခရီး၏ အခြေအနေတစ်ခုနှင့် ရေယာဉ်ရွက်လွှင့်သည့် နိုင်ငံပေါ်မူတည်သည်။ ပျမ်းမျှအားဖြင့် တန်ဖိုးဖြည့်ခွန်စရိတ်သည် ကုန်တင်ငွေပမာဏထံသို့ နောက်ထပ် ၁၀ မှ ၂၀ ရာခိုင်နှုန်းထပ်ပေါင်း ထည့်လေ့ရှိသည်။
၎။ ရေယာဉ်အမှုထမ်းများအား ပေးသည့် မုန့်ဖိုး(ဘောက်ဆူး)
သင်၏ အပန်းဖြေအတွေ့အကြုံသည် ရေယာဉ်အမှုထမ်းများကြောင့် ပြည့်စုံစေသည်။ ၄င်းတို့သည် ရေယာဉ်များကို မောင်းနှင်ခြင်းကိုလည်း လုပ်ဆောင်သကဲ့သို့ ခရီးသည်များကိုလည်း ၀န်ဆောင်မှု အပြည့် ပေးကြသည်။ ရေကြောင်း သင်္ဘောခရီးစဉ်တစ်ခုအတွင်း ရေယာဉ်ဝန်ထမ်းများသည် နေ့ရောညပါ ၀န်ဆောင်မှုပေးရသည်။ ထို့ကြောင့် မုန့်ဖိုး (ဘောက်ဆူး) သည် ပုံမှန်မျှော်လင့်နေကျ အလေ့အထ ဖြစ်သည်။ ဥရောပ တိုင်းပြည်များတွင် မုန့်ဖိုး (ဘောက်ဆူး) သည် ငှားရမ်းခ ဈေးနှုန်း၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကာရေဘီယန် တို့တွင် မုန့်ဖိုး (ဘောက်ဆူး) သည် ပိုမိုများသည်။ ပုံမှန် ၀န်ဆောင်မှုများ အပေါ်တွင် ၁၀ မှ ၂၀ ရာခိုင်နှုန်း ထပ်မံပေါင်းထည့်ရန် မျှော်လင့်သည်။
၅။ မိခင်ဆိပ်ကမ်းသို့ ပြန်လာခြင်း
ရေယာဉ် သို့မဟုတ် လမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ တစ်စုံတစ်ဦးသည် စတင်ထွက်ခွာရာ ဆိပ်ကမ်းမဟုတ်ဘဲ တစ်ခြားမည်သည့် နေရာတွင်မဆို အဆိုပါအပျော်စီးသင်္ဘောဆီမှ ထွက်ခွာမည်ဟု ဆုံးဖြတ်လျှင် မိခင်ဆိပ်ကမ်းသို့ပြန်ရန် စရိတ်တစ်ခုကို ပေးရန် မျှော်လင့်နိုင်သည်။ ဤစရိတ်များတွင် မိခင်ဆိပ်ကမ်းသို့ ပြန်သည်ဖြစ်စေ သို့မဟုတ် တစ်ခြားရွေးချယ်သည့် နေရာတစ်ခုသို့ ပြန်သည်ဖြစ်စေမစဉ်းစားဘဲ မိခင်ရပ်ရွာသို့ပြန်သည့် လောင်စာစရိတ်များနှင့် ခရီးစဉ်ကာလအတွက် ငှားရမ်းခဈေးနှုန်းတို့ပါဝင်သည်။
၆။ အာမခံငွေ
အများအားဖြင့် အာမခံငွေမပေးရပါ။ အာမခံငွေများကို အရေးပေါ်နှင့် စာချုပ်သဘောတူညီမှုများအတွက် အရန်ထားရှိရသည်။ စိတ်ထဲတွင်ထားရှိရန် အကြံပြုလိုသည်မှာ အပျော်စီးသင်္ဘောအသစ် ပိုင်ရှင်များသည် မရှောင်လွှဲနိုင်သော အပျက်အစီးများအတွက် အာမခံငွေ မဖြစ်မနေတောင်းဆိုနိုင်သည်။် မီတာ ၆၀ အထိရှည်လျားသော အပျော်စီး သင်္ဘောကြီးများအတွက် ကုန်ကျစရိတ်သည် ယူရို ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိရှိနိုင်သည်။ ဤအချက်များသည် အခြေခံ သင်္ဘောစင်းလုံး ငှားရမ်းခ စရိတ်များ ဖြစ်သည်။
အသုံးစရိတ်ရွေးချယ်မှု
သင်သည် ဈေးနှုန်းမြင့်မားသည့် အသုံးစရိတ်ကိုမတတ်နိုင်လျှင် ၁၅-၂၀ မီတာ အရှည်ရှိသည့် ရေယာဉ်တစ်ခုသည် သင့်လျော်သော ရွေးချယ်မှု တစ်ခုဖြစ်သည်။ ပိုမိုသေးငယ်သော အပျော်စီးသင်္ဘော ငှားရမ်းခမှာ ပိုမိုသက်သာသည်။ ယေဘူယျအားဖြင့် တစ်ပတ်လျှင် ယူရို ၁,၅၀၀ မှ ၅,၀၀၀ ကြားရှိသည်။ အပျော်စီးသင်္ဘောအသေးများတွင် အဓိက သင်္ဘောသား တစ်ဦး သို့မဟုတ် နှစ်ဦး ပါဝင်ပြီး ကုန်ကျစရိတ်သည် တစ်နေ့လျှင် ယူရို ၁၅၀ မှ ၂၀၀ အကြားရှိသည်။ ထို့အပြင် အစားအသောက် ကုန်ကျစရိတ်သည် ပုဂ္ဂိုလ်တစ်ဦးလျှင် ယူရို၂၀၀ နှင့် ၃၀၀ အကြားရှိသည်။ နောက်ထပ် အပို အသုံးစရိတ်များသည် ခရီးသည်တစ်ဦးလျှင် ယူရို ၅၀ နှင့် ၁၀၀ အကြားရှိသည်။
ဇိမ်ခံသင်္ဘောကြီးများသည် ပိုမိုဈေးကြီးမြင့်သည်။
သို့သော်လည်း သင့်အနေနှင့် သင့်အားလပ်ရက်တွင် ငွေကြေးမချွေတာ လိုလျှင် ပိုမိုရှည်လျားသော အပျော်စီးသင်္ဘောတစ်စီးကို သင်ငှားရမ်းနိုင် သည်။ ဤသို့ငှားရမ်းရာတွင် အပတ်စဉ် စင်းလုံငှားစရိတ်မှာ ခရီးသွားရာသီ မဟုတ်သည့် လများတွင် မီတာ၂၀ အရှည် အပျော်စီးသင်္ဘောတစ်စင်း အတွက် ယူရို ၁၆,၀၀၀ မှစတင်ကာ ခရီးသွားရာသီလများတွင် မီတာ ၆၀ အရှည်ရှိသည့် အပျော်စီးသင်္ဘော တစ်စင်းငှားရမ်းခမှာ ယူရို ၆၀၀,၀၀ အထိရှိသည်။ နောက်ထပ် အပိုအသုံးစရိတ်များ ထပ်ပေါင်းထည့်မည် ဖြစ်သည်။ ထိုစရိတ်များ၏ ရာခိုင်နှုန်းကို အထက်တွင် ဖော်ပြထားသည်။
ယခုအချိန်တွင် သင်သည် ဈေးနှုန်းသတ်မှတ်ချက် ရွေးချယ်မှုအားလုံးကို သိရှိပြီဖြစ်သည့် အတွက် အပျော်စီးသင်္ဘောတစ်စင်း စီးလုံး ငှားရမည့် အချိန်ရောက်ပါပြီ။
ScanMarine TM (Cofrance SARL) သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ၄င်းသည် ပြင်သစ်နိုင်ငံရှိ ရုရှနှင့် မြန်မာနိုင်ငံရှိ ဖောက်သည်များကို ၀န်ဆောင်မှုပေးသည့် ထိပ်တန်း နိုင်ငံတကာ အကျိုးဆောင် ကုမ္ပဏီဖြစ်ပြီး အပျော်စီးသင်္ဘောများစွာ ငှားရမ်းရန် ရှိပါသည်။ ကျွန်ုပ်တို့၏ စာရင်းကိုကြည့်ပြီး သင်ရွေးချယ်ငှားရမ်းနိုင်သည်။ ကျွန်ုပ်တို့၏ အဖွဲ့သည် သင်၏ အပန်းဖြေခရီးအတွေ့အကြုံကို အထူးအမှတ်ရစရာဖြစ်နေစေရန် အတွက် သင်နှင့် အဆင်ပြေ အကိုက်ညီဆုံး အပျော်စီးသင်္ဘောကို ရွေးချယ်နိုင်ရန် အကူအညီပေး ပါလိမ့်မည်။